BUTTERFLY (나비)Zawgyi Final

Màu nền
Font chữ
Font size
Chiều cao dòng


Zawgyi

မဖတ်ရသေးခင်မှာ Butterfly BTSသီချင်းလေး နားထောင်ပြီး ဖတ်ပါလားဟင်။ ဖီးလ်လင် ပိုရအောင်လို့ပါ😶

"ဘာဖြစ်လို့လဲ Jun?"

"ကြောက်နေခဲ့တာ"

"Aigoo Junလေး မကြောက်ပါနဲ့ ကိုယ်က Junအနားမှ အမြဲရှိနေတာပဲလေ ကိုယ် ကာကွယ်ပေးမှာပေါ့ မငိုနဲ့တော့ လာ ရေခဲမုန့်စားမယ် လာ Junလာ"

"အွန်း"
ရေခဲမုန့်စားမယ်ဆိုတော့ မျက်နှာလေးများ ချက်ချင်းလန်းလာလိုက်တာ ဆိုတာ သူမဟုတ်သလိုပင်။

Soobinနဲ့Yeonjunလည်း ရေခဲမုန့် တစ်ယောက်တစ်ခုယူကာ ဒန်းလေးစီးရင်း စားနေကြတယ်။

"ဒါနဲ့လေ ကိုယ့်ကို Junချစ်လား"

"အွန်း ဟင် Binကလည်း ဘာတွေ လာမေးနေတာလဲ?ရှက်စရာကြီး"

သူ့ပါးလေးတွေ နီမြန်းလာတာကို ကျွန်တော် သတိထားမိလိုက်တယ်။ဒီပေါက်စလေးက ရှက်နေတာပါလား ဆိုပြီးတော့ပေါ့။

"ဖြေဦးလေ Junရဲ့ ကိုယ့်ကို ချစ်လားလို့"

Yeonjunက ခေါင်းလေးကို အသာအယာလှည့်လိုက်ပြီး
"အွန်း"ဆိုတဲ့ တစ်လုံးလေးသာ ဖြေလိုက်တယ်။

"ကလေး အွန်းလို့ မဖြေနဲ့လေကွာ ချစ်ရင် ချစ်တယ်လို့ ကိုယ့်ကို သေချာကြည့်ပြီး ဖြေရမှာပေါ့။ဘယ်နှယ့် အခုကျတော့ ဟိုဘက်လှည့်ပြီး ပြောနေတယ်"

Yeonjunလည်း Soobinဘက်ကိုလှည့်၊မျက်လုံးမှိတ်ထားလိုက်ပြီး

"အွန်း Binကို Junချစ်တယ်"

"တစ်ကယ်?ကလေး ကိုယ့်ကို ချစ်တယ်?ဟုတ်လား"
ကျွန်တော် သူ့ဆီက ဒီလို ကြားရတော့ အရမ်းပျော်မိတယ်။

"ဟုတ်ပါတယ်ဆို ထပ်မမေးနဲ့တော့ Binရာ။Junအစားပျက်တယ်"

"အို ဆောတီး ကလေး စား စား"
ကိုယ်လည်း အဲ့လိုပြောပြီး ရေခဲမုန့် တစ်ကိုက် စားလိုက်တဲ့ အချိန် ပါးပေါ်ကို ကျရောက်လာတဲ့ ပူနွေးနွေး ခံစားချက်

"ကလေး?😳"
(Author Pov-ဟာ ဆူဘင်းကြီး လန့်သွားတာ🤥🌚)

"နမ်းလိုက်တာလေ မကြိုက်ဘူးလား"

"ကလေးက ဒီလိုလုပ်တာတွေ ဘယ်က တတ်တာလဲ"

"အင်းးးးးးးးးးးး ဒရမ်မာထဲမှာဆိုရင် မင်းသမီးက မင်းသားကို နမ်းလိုက်တဲ့အခန်းတွေ ကြည့်ဖူးလို့သိတာပေါ့"
(‌Author pov-အော် ဆိုလိုချင်တာက ယောန်ဂျွန်ရှီက ဇာတ်‌ဆောင်မင်းသမီးပေါ့ 🤥)

" နမ်းတဲ့ အခန်းတွေ ကြည့်ရအောင် ကလေးက အသက်ဘယ်နှစ်နှစ် မလို့လဲ?"

"အင်းးးးးးးးး တစ် နှစ် သုံး လေး ငါး"
လက်ချိုးရေပြီး အသက်တွက်နေပုံက တစ်ကယ်ကို ချစ်စရာကောင်းလှတယ်။

"ငါး ငါးနှစ်လေ Junလေးက ငါးနှစ်"

"ကလေးပဲရှိသေးတာကို အဲ့လိုအခန်းတွေကြည့်လို့ ဘယ်ဖြစ်မှာလဲ ကလေးရဲ့"

"အွန်း ဒါလည်း ဟုတ်တာပဲလေ😶"

-BUTTERFLY (나비)

"ဟာ Beomgyu Hyung"

"Yeonjunie"

Yeonjunတစ်‌ယောက် နေ့ခင်းဘက် ရပ်ကွက်ထဲကကစားကွင်းမှာ ကလေးတွေနဲ့ ကစားနေရင်း Beomgyuရောက်လာတာကို တွေ့သွားသည်

"Beomgyu ya"

"အော Soobin Hyungရော ရောက်နေတာပဲ"

"အင်း Junလေးက ကစားချင်ဆိုလို့ ဒီဘက်ကို ထွက်လာလိုက်တာ"

"Junလေး သွားဆော့လိုက်ဦးမယ် Bin"

"Okay 👌"

Soobinနဲ့Beomgyuလည်း ခုံတန်းလေးမှာထိုင်နေရင်း

"တကယ်ပါပဲ Yeonjun Hyungက ကျွန်တော့်ထက်ကြီးတဲ့ဟာကို ကျွန်တော်ကို Hyungလို့ ပြန်ခေါ်နေတယ်😑"

"ကလေးက ကလေးပဲရှိသေးတာပဲ မင်းကို အစ်ကိုလို့ ခေါ်တာ မဆန်းပါဘူးလေ"

"ဟာ Hyungနဲ့yeonjun hyungနဲ့က ဘာတွေ"

"ထင်ချင်သလိုထင် သေတာတောင် မပြောဘူး"

"Soobin Hyungက ကျွန်တော့်အစ်ကိုပဲ ခေါင်းအစခြေအဆုံး အကုန်သိတယ်"

"ဒါနဲ့ Yeonjun Hyung ခွဲစိတ်မှာဆို"

"အင်း ငါသာဆိုရင် မခွဲစိတ်စေချင်ဘူး"

"ဘာလို့လဲဟင်"

"အင်းးးးးးးးးးး ခွဲစိတ်တာအောင်မြင်ဖို့ဆိုတာ မလွယ်ဘူး။ 50%ပဲရှိတာ။ ကံကိုယုံ ဆူးပုံနင်းသလိုဖြစ်နေပြီ"

"ကံတရားက မျက်နှာသာပေးမှာပါ အစ်ကိုရယ် အရမ်းလည်း စိတ်ပူမနေပါနဲ့"

သို့သော် ကံတရားက ကျွန်တော်တို့ကို မျက်နှာသာမပေးခဲ့ပါ~

-BUTTERFLY(나비)

"ခွဲစိတ်ဖို့အတွက် လူနာအဆင်သင့်ဖြစ်ပါပြီ"

ကုတင်ပေါ်ကနေ မျက်နှာငယ်လေးနဲ့ ကျွန်တော့်ကို အားကိုးတကြီး လှမ်းကြည့်နေတဲ့ သူ~

"Bin.. Junလေး စိတ်ထဲမှာ တစ်မျိုးကြီးပဲ အဲ့ထဲဝင်ပြီးသွားရင် ပြန်မထွက်လာနိုင်တော့ သလိုမျိုး"

"မဟုတ်ပါဘူး အဲ့လိုမတွေးပါနဲ့ Junကောင်းကောင်းမွန်မွန် ကျော်ဖြတ်နိုင်မှာပါ"

"လူနာရှင် ခွဲစိတ်ခန်းရှေ့မှာ စောင့်နေပေးပါ"

ကျွန်တော် သတိထားမိလိုက်သည်။ သူ့မျက်ဝန်းလေးမှာ စိုးရိမ်စိတ်ပူပန်မှုတွေပြည့်နေသည်။သို့သော် ကျွန်တော် ဘာမှမလုပ်ပေးနိုင်ခဲ့~

*2နာရီအကြာ*

ဆရာဝန် ခွဲစိတ်ခန်းထဲက ထွက်လာတော့ ကျွန်တော်နဲ့ Junအမေလည်း ဆရာဝန်ဆီကို Junအကြောင်းမေးလိုက်ကြသည်။

"ဆရာ ကျွန်မ သားလေးအခြေအနေ"

"စိတ်မကောင်းပါဘူး ကျွန်တော်‌တို့ လူနာကို မကယ်တင်နိုင်လိုက်ပါဘူး"

မဖြစ်နိုင်တာ?Ju-Junက............ဟာ မဖြစ်နိုင်တာ။

လူလဲအရုပ်ကျိုးပြတ်ကျသလိုဖြစ်ကာ ကြမ်းပြင်ပေါ်ကို လဲကျသွားသည်။ ခုန်နေတဲ့ ရင်ဘတ်ကလည်း ရပ်တန့်ပြီး အချိန်တွေလည်း ပြောင်းပြန် ကုန်ဆုံးနေသလို။

အ၀တ်စအဖြူအုပ်ထားတဲ့ Junမျက်နှာလေးကို ကြည့်ဖို့အတွက် အ၀တ်စကို လှန်လိုက်သည်။
ဒီလောက်တောင် ချစ်ဖို့ကောင်းတဲ့ ကလေးရဲ့ မျက်နှာကို အ၀တ်စဖုံးထားတာ မဖြစ်နိုင်တာ။ သူအသက်ရှင်နေဦးမှာ မဟုတ်ဘူး အသက်ရှင်နေသေးတယ်~

-BUTTERFLY(나비)

*‌အနှစ် လေးဆယ်ခန့်ကြာသော်*

ဖိုးဖိုး ဒီဓာတ်ပုံထဲက ကိုကိုက ဘယ်သူလဲဟင်"

"ဘယ်မှာတုန်း မြေးလေးရဲ့ သေချာပြပါဦး"

"ဒီပုံလေ ဖိုးဖိုးရဲ့"

Soobinလည်း ‌သူ့မြေးလက်ထဲက ဓာတ်ပုံကို အားယူပြီး ကြည့်လိုက်တယ်

"ဒါ-ဒါက Junလေးနဲ့ ငါရိုက်ထားတဲ့ဓာတ်ပုံပါလား"

"ဖိုးဖိုး အဲ့တာဘယ်က ကိုကိုလဲဟင် ဟိုဘက်က တစ်ယောက်က ဖိုးဖိုးဆိုတာတော့ သားသိတယ်"

အားးးးးး ရင်ထဲနင့်အောင်ခံစားရတယ် ကလေးရယ် မင်းလေးသာ အသက်ရှင်နေသေးဦးမယ်ဆိုရင် အခုချိန် ငါတို့ ပျော်‌ရွင်နေရမလားတောင်မသိဘူး။

Soobinလည်း ကျလာတဲ့မျက်ရည်တွေသုတ်ကာ

"သူက ဖိုးဖိုးရဲ့မြတ်နိုးရတဲ့သူပေါ့ မြေးလေးရယ်"

Junဆုံးပြီးကတည်းက ကျွန်တော့်အမေက Yeonbinလေးရဲ့အဘွားနဲ့ လက်ထပ်ပေးခဲ့တယ်။ ကျွန်တော် သူမအပေါ် ခံစားချက်မရှိခဲ့ဘူး။ကျွန်တော်နဲ့သူမကြားမှာတောင် ကလေးပေါ်ထွန်းခဲ့လို့ မြေးပါရနေပေမယ့် အခုချိန်ထိ သူမကို မချစ်ခဲ့ဖူးပါ။ဒါကို သူမ သိသလို နားလည်ပေးခဲ့ပါသည်။ မြေးကိုYeonbinလေးလို့ပေးရတဲ့အကြောင်းက ကျွန်တော်နဲ့Junနှစ်ယောက်ရဲ့နာမည်ပါအောင်လို့ပေါ့

"ဖိုးဖိုးအဲ့တာဆို အဲ့ဖိုးဖိုး အခုဘယ်မှာလဲဟင် သားတွေ့ချင်တယ်"

အဲ့အချိန်မှာပဲ ပြတင်းပေါက်ကနေ လိပ်ပြာလေးတစ်ကောင် ပျံသန်းပြီး ကျွန်တော့်လက်ကို လာနား‌နေတယ်

"အင်းးးးးးးးးး အဲ့ဖိုးဖိုး အခုလိပ်ပြာလေးတစ်ကောင်အဖြစ်ကောင်းကောင်းမွန်မွန် နေထိုင်နေတာပေါ့ကွယ်"

Soobinစကားအဆုံးမှာ သူ့လက်ပေါ်နားနေတဲ့ လိပ်ပြာလေးဟာ အဆုံးမရှိ လှပတဲ့နေရာဆီကို အရောက်ပျံသန်းသွားခဲ့တော့တယ်။

မင်းလေး လိပ်ပြာအဖြစ်ရှင်သန်ပြီးလှပတဲ့နေရာတွေဆီမှာ ကျော့ကျော့မော့မော့နေနိုင်မယ်လို့ ကိုယ် ယုံကြည်ပါတယ်Jun

ဒီဘ၀မှာ မင်းလူအများနှိမ်တာခံရပေမယ့် ဘ၀ဆက်တိုင်းဆက်တိုင်း ဒီလိုအဖြစ်မျိုးကနေ လွတ်မြောက်ပြီး ကိုယ်တို့နှစ်ယောက် ဆုံဆည်းခွင့်ရပါစေလို့ ကိုယ်အမြဲဆုတောင်းနေမိတယ် Jun

The End 🦋
ပြီးပါပြီ

ကဲပြီးပါပြီရှင်။ သိပ်မငိုရတဲ့SEလေးဖြစ်မယ်ထင်တယ်🤧 ကိုယ်ကြိုးကြိုးစားစားရေးထားတာလေးပါ။ vote and feedbackလေး ပေးကြပါဦး။အားဆေးလေးရလို့ပါ

#Jiyoon Kim💖

Credit: Jaeguchi for youtube vd

Bạn đang đọc truyện trên: Truyen2U.Pro